ဆင်ပေါင်ဝဲ ဩဂုတ် ၁၂
သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ဆင်ပေါင်ဝဲမြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ လူမှုကူညီရေးအသင်းများ ထံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ဩဂုတ် ၁၂ ရက်က ဘုရားငါးဆူပရဝုဏ်ထဲတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပေးအပ်လှူဒါန်းခြင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဇနီးတို့ က မြို့နယ်အတွင်းရှိ လူမ ကူညီရေးအသင်းအဖွဲ့များထံသို့ Deadbodyအိတ် (၂၀)၊ Face shield (၃၀)၊ PPE အစုံ(၅၀)၊ Mask(၁၀)ဘူး၊ လက်အိတ် (၅)ဘူး၊ Hand Gel (၁၀)ဘူး တို့ကို လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။ မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရန်နှင့် ရောဂါကူးစက်မှု လျော့ကျနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ နှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ဆင်ပေါင်ဝဲမြို့နယ် စီမံ အုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးထံမှ သိရသည်။
ချိုချိုဝင်း(ဆင်ပေါင်ဝဲ)


