ရန်ကုန် သြဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်၊ ဒလ-ဓနုတ် ကားလမ်းမကြီးဘေးရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ စုရပ်အခြေပြု၍ သြဂုတ် ၁ ရက်မှ စတင်၍ သြဂုတ် ၁၁ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်ဖြစ်  မြို့နယ်အတွင်း သတ်မှတ်ထားသော ဦးစားပေးအုပ်စုများအား ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ စုစုပေါင်း ၂၉၁၉ ဦး ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။  

ဒလမြို့နယ်၌ ရပ်ကွက် ၂၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာစုစုပေါင်း ၅၄ ရွာမှ   အသက် ၆၅ နှစ် အထက် သက်ကြီးရွယ်အိုများ၊ သံဃာတော်များ၊ ဘာသာရေးခေါင်းဆောင်များ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများနှင့် မိသားစုများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းမှ ပုဂ္ဂိုလ်များ၊ စူပါမားကတ်များနှင့် ဈေးများမှ ဝန်ထမ်းများ နှင့် ဒေသခံပြည်သူများကို   သြဂုတ် ၁ ရက်မှ စတင်၍ သြဂုတ် ၁၁ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၂၉၁၉ အထိ ဦးရှိပြီးဖြစ်ကြောင်း၊ ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း အစီအစဉ်တွင် ဆက်လက်၍ ထိုးနှံရမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံကြသော မိဘပြည်သူများအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊  မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(IPRD)