ပန်းတနော် ဩဂုတ် ၁၂

ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ မြစ်ဝကျေးရွာအုပ်စု၊ ဂိုဒေါင်စုကျေးရွာအနီးရှိ လူနေအိမ် (၈) လုံးအား ဩဂုတ် ၁၁ ရက် နံနက် ၁၁ နာရီအချိန်ခန့်က ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ပန်းတနော်မြို့နယ် မြစ်ဝကျေးရွာအုပ်စု ဂိုဒေါင်စုကျေးရွာအနီးရှိ လူနေဝါးအိမ် (၈)လုံး၊ အိမ်ထောင်စု (၈)စု၊ လူဦးရေ စုစုပေါင်း (၃၄)ဦးတို့သည် ဘေးလွတ်ရာမြေကွက်လပ်များနှင့်  နီးစပ်ရာ ဆွေမျိုးသားချင်းနေအိမ်များသို့ ခေတ္တပြောင်းရွှေ့ ခဲ့ရကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)