နောင်ချို    ဩဂုတ် ၁၂   

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ဩဂုတ် ၁၁ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပိုးသတ်ဆေးဖျန်းရာတွင် နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ ဆရာတော်ဦးဆောင်သော “သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်း” ၏ဦးဆောင်မှုဖြင့် နောင်ချိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်နှင့်ညီ သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်း၊ ဂေါ်ရခါးလူမှုကူညီရေးအသင်း၊ မီးသတ်ဦး စီးဌာနတို့ပူးပေါင်း၍ နောင်ချိုမြို့ပေါ်ရှိ ဘာသာရေးဆိုင်ရာအသင်းအဖွဲ့များ၊ အဆောက်အဦများကို ပိုး သတ်ဆေးများ အခမဲ့လိုက်လံဖျန်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ပိုးသတ်ဆေး လိုက်လံဖျန်းပေးနေမှုကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တိုးနှင့် ကော်မတီ အဖွဲ့ဝင်ဌာနဆိုင်ရာများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုကို အမြန်တားဆီးကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းစဉ် များကို မိဘပြည်သူများအားလုံးက ကိုယ်စီသိရှိလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ် (ပြန်/ဆက်)