တီးတိန် ဩဂုတ် ၁၂

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ချင်းပြည်နယ်၊ တီးတိန်မြို့၌ အသက်၆၅နှစ်အထက် ဘိုးဘွားများအား ပထမဦးစားပေးအဖြစ် ကာကွယ်ဆေးထိုးနှံခြင်းကို ဩဂုတ် ၁၂ ရက် နံနက်၉နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ထိုသို့ကာကွယ်ဆေးထိုးရာတွင် ကျန်ရှိသော သာသနာ့ဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကိုလည်း ထိုးနှံပေးကြောင်း သိရသည်။

ကာကွယ်ဆေးထိုးရာတွင် သက်ကြီးဘိုးဘွားများ ပိုမိုအဆင်ပြေစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စုရပ်များဖွဲ့စည်းပေးထားသော စုရပ်(၁) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၊ စုရပ်(၂) ခိုင်ကမ်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုရပ်(၃)တွီးထန်ကျေးရွာအုပ်စု၊ စုရပ်(၄)လိုင်တွီး ကျေးရွာ အုပ်စု၊ စုရပ်(၅)ထုတ်လိုင်ကျေးရွာ၊ စုရပ်(၆)ဆွောင်းပီးကျေးရွာအုပ်စု၊ စုရပ်(၇)ဆိုင်းဇန်ကျေးရွာအုပ်စု၊ စုရပ်(၈)ကပ်တဲလ်ကျေးရွာအုပ်စု၊ စုရပ်(၉)ဂမ်ငိုင်ကျေးရွာအုပ်စု စသည့်စုရပ်များတွင်လည်း ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
တီးတိန်မြို့နယ်အတွင်းရှိ မိဘပြည်သူ (၃၂၂)ဦးအား ဩဂုတ် ၁၁ ရက်တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်းနှင့် ဩဂုတ် ၁၃ရက်တွင် ကိုဗစ်ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး မည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ဒိုင်းဒိမ့်(ပြန်/ဆက်)