ကော့ကရိတ် ဩဂုတ် ၁၂

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများပြားလာပြီ ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ရောဂါကူးစက်ခံရမှုမရှိစေရေး အသိပညာပေးနှိုးဆော်ခြင်းကို အသံချဲ့စက်များဖြင့် ကျယ်ကျယ်ပြန့်ပြန့်လိုက်လံ အသိပညာပေး ဆောင်ရွက်လျက်ရာ ယနေ့နံနက်ပိုင်းက ကော့ကရိတ်မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင်  လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ နှိုးဆော်ရာတွင်  ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ ပြင်ပမှလာသော ဧည့်သည် များအား လက်မခံကြရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း နှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ဆက်သွယ်၍ မပျက်မကွက်စစ်ဆေးကုသမှုခံယူကြရန် အသိပေးနှိုးဆော်ခဲ့ကြောင် းသိရသည်။

ခင်မျိုးဝင်း (ပြန်/ဆက်)