မကွေး ဩဂုတ်    ၁၂

မကွေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ဩဂုတ် ၁၂ ရက် နံနက် ၉ နာရီအချိန်မှ စတင်၍ စုရပ်အသီးသီးတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတွင်း အောက်စီဂျင် ပါဝင်မှုပမာဏတိုင်းတာခြင်းများ ဆောင်ရွက်ပြီး ပုံမှန်အနေအထားတွင်သာ ကာကွယ် ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၆၅)နှစ်အထက် ဘိုးဘွားများအား ပထမဦးစားပေး ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများအား ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိရာ ပြည်သူများ လွယ်လင့်တကူ ထိုးနှံနိုင်ရေး မကွေးမြို့နယ်တွင် စုရပ် (၈) နေရာ စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ကိုအောင်