ဆီဆိုင် ဩဂုတ် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ စားသောက်ရေး အဆင်ပြေစေရန်အတွက် ဆီဆိုင်မြို့သူမြို့သားများ စုပေါင်းလှူဒါန်းထားသည့် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်များအား ဩဂုတ် ၁၂ ရက် နံနက် ၁၀ နာရီခန့်က မြို့ပေါ်ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများထံသို့ အိမ်တိုင်ရာရောက် လှူဒါန်းခဲ့သည်။
အိမ်တိုင်ရာရောက် လှူဒါန်းရာတွင် ဖြူစင်နှလုံးသားသွေးလှူရှင်အသင်းမှ ဒေါ်ဝေဝေစိုး ဦးဆောင်သည့်အသင်းသူ အသင်းသားများက မြို့ပေါ်ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုတစ်စုလျှင် ဆန်၊ ဆီ၊ ကြက်ဥ၊ ဆား၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းခတ်မှုန့်၊ ခေါက်ဆွဲခြောက်၊ သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်စသည့် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်များအား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


