နေပြည်တော်၊ ဩဂုတ် - ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ထိရောက်စွာဆောင်ရွက်နိုင်ရန် အောက်ဆီဂျင်လုံလောက်စွာရရှိနိုင်ရေး အတွက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိူးတင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့််ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ သည် ယနေ့နံနက်(၁၁)နာရီတွင် နေပြည်တော် ဒက္ခိဏစက်မှုဇုန်ရှိ Sein Tet Aung (စိမ်းတက် အောင်)ကုမ္ပဏီပိုင် စက်ရုံဝင်းအတွင်း အောက်ဆီဂျင် ထုတ်လုပ်သည့်စက်ရုံမှ အောက်ဆီဂျင် ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် Sein Tet Aung (စိမ်းတက်အောင်) အောက်ဆီဂျင်စက် ရုံတာဝန်ခံက စက်ရုံလည်ပတ်နေမှု၊ အောက်ဆီဂျင်ထုတ်လုပ်ပုံ ထုတ်လုပ်နည်းအဆင့်ဆင့်နှင့် ဖြန့်ဖြူးရောင်းချနေမှုများကို အသေးစိတ် လိုက်လံရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က လိုအပ်သည်များကို မှာကြားသည်။
အဆိုပါ စက်ရုံမှ ယခုအောက်ဆီဂျင်ထုတ်လုပ်သည့်စက်မှာ တရုတ်နိုင်ငံထုတ် PSA အမျိုးအစားMobile Oxygen ထုတ်စက် 30m3/hr ထုတ်လုပ်မှုစွမ်းအား-120/24hr အောက်ဆီဂျင် စက်အား NZOအမျိုးအစားဖြစ်ပြီး တစ်ရက်လျှင် အောက်ဆီဂျင်လီတာ(၄၀)ဆံ့အိုး (၁၀၀)ခန့် ထုတ်လုပ်နိုင်ကြောင်း၊ ထွက်ရှိသည့်အောက်ဆီဂျင်အိုးများကို တစ်လုံးလျှင်(၇၀၀၀)ကျပ်ဖြင့် ပြည်သူ့ဆေးရုံးများနှင့် ပရဟိတအဖွဲ့များသို့ ဖြန့်ဖြူးရောင်းချလျှက်ရှိကြောင်း၊ တစ်ရက်လျှင် အောက်ဆီဂျင်လီတာ(၄၀)ဆံ့အိုး (၂၄၀)ခန့်ထွက်ရှိမည့် အောက်ဆီဂျင် ထုတ်လုပ်သည့်စက်ကို ထပ်မံတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်


