မလှိုင် ဩဂုတ်    ၁၃

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များက 10 Liter  Dual  Oxygen Concentrator စက် သုံးလုံးကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကုသရေးစင်တာသို့ ပေးအပ်လှူဒါန်းပွဲကို ဩဂုတ် ၁၂ ရက် ညနေပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းဝေးခန်းမ၌ ကျင်းပခဲ့ ကြောင်း သိရသည်။
  
ပေးအပ်လှူဒါန်းပွဲတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက10 Liter  Dual  Oxygen Concentrator စက် သုံးလုံးကို အလှူရှင်များ၏ စုပေါင်းထည့်ဝင် လှူဒါန်းငွေများဖြင့် ဝယ်ယူလှူဒါန်း ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင် ဗိုလ်မှူးဌေးသန်း၊ ဦးကျော်ငြိမ်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထိန်လင်းမောင်တို့က ပေးအပ်လှူဒါန်းရာ  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းနှင့် ဆရာမများက လက်ခံရယူကာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
 
အဆိုပါ 10 Liter Dual Oxygen Concentrator  စက်တစ်လုံးလျှင် ငွေကျပ်သိန်း ၂ဝ တန်ဖိုးရှိပြီး Oxygen Concentrator  စက် သုံးလုံးရရှိသဖြင့် အောက်ဆီဂျင်ကျနေသည့် လူနာများအတွက် များစွာအထောက်အကူ ဖြစ်စေမှာ ဖြစ်ကြောင်း သိရသည်။ 

အောင်ဌေး(မလှိုင်)