ကော့ကရိတ် သြဂုတ် ၁၃

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ကိုဗစ် - ၁၉ရောဂါ ကူးစက်မှုမြင့်မားနေသည့် ကာလတွင် စျေးကွက်အတွင်း ကူးစက်ရောဂါ ကာကွယ်၊ ကုသရေးဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြု ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်စေရေး တို့အတွက် ရည်ရွယ်၍ မြို့နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့်ရေးအဖွဲ့မှ ယနေ့နံနက် ၉နာရီခွဲအချိန်က ကော့ကရိတ်မြို့ပေါ် ရပ်ကွက်အတွင်းရှိ ဆေးဆိုင်၊ စျေးဆိုင်၊ စားသောက်ကုန် အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးနှင့် ဌာနဆိုင်ရာများမှ အဖွဲ့ဝင်များက ကော့ကရိတ်မြို့ပေါ် ရပ်ကွက် (၇)ရပ် ကွက်ရှိ ဆေးဆိုင်၊ စျေးဆိုင်၊ စားသောက်ကုန်အရောင်းဆိုင်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး အဆိုပါ ဆိုင်များရှိ တာဝန်ရှိသူများအား ကူးစက်ရောဂါ ကာကွယ်ကုသရေး အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)