အထက်မင်းလှ     ဩဂုတ် ၁၃

မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်သည် မင်းလှမြို့နယ်အတွင်းရှိ ဝင်ငွေနည်း အိမ်ထောင်စုဝင်များအား စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ် ၁၂ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လူမှုရေးဝန်ကြီးက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလ၌ မင်းလှမြို့နယ်အတွင်းရှိ ဝင်ငွေနည်းအိမ်ထောင်စုဝင်များ လတ်တလောကာလတွင် စားဝတ်နေရေးအဆင်ပြေစေရန်အတွက် စားသောက်ကုန်များ ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများက မင်းလှမြို့နယ်အတွင်းရှိ ဝင်ငွေနည်းအိမ်ထောင်စု ၇၀ အား တစ်အိမ်ထောင်လျှင် ဆန် လေးပြည်၊ ဆီ ၅၀ ကျပ်သား ထောက်ပံ့ပေးအပ်ရာ အိမ်ထောင်စုဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)