မိုင်းလုံ သြဂုတ်    ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ရှိ နမ့်ကော်ချောင်းသည် ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက မိုးရွာသွန်းမှုများ၍ ချောင်းရေကြီးပြီး အနီးအနားရှိ လယ်များသို့ ရေများထပ်မံ ဝင်ရောက်ကြောင်း သိရသည်။

နမ့်ကော်ချောင်းသည် ဩဂုတ် ၂ ရက်တွင်လည်း မိုးကြီးခဲ့မှုကြောင့် ချောင်းဘေးရှိ လယ် ၁၄ ဒသမ ၆၆ ဧကခန့် ရေလွှမ်းပျက်စီးပြီး ရေတိုက်စားသော လယ်နှင့် ရေမြုပ်သောလယ် နှစ်ဧကခန့်ရှိကြောင်း မိုင်းလုံမြို့ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရပြီး ဩဂုတ် ၁၃ ရက်တွင် ထပ်မံ၍ ရေကြီးရေလျှံမှု ဖြစ်ပေါ်ရာ ချောင်းအနီးရှိ လယ်များသို့ ရေများအဆက်မပျက် ဝင်ရောက်နေကြောင်း သိရသည်။

ဇော်(ပတ္တမြားမြေ)