မြောက်ဦး  ဩဂုတ် ၁၃

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် အောက်ဆီဂျင်လုံလောက်စွာ ထုတ်လုပ်ရရှိနိုင်ရေး၊ အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရေးနှင့် ပိုးတွေ့လူနာများအား အမြန်ဆုံးကုစားပေးနိုင်ရန်အတွက် အောက်ဆီဂျင် ထုတ်လုပ်သည့်စက်ရုံမှ မြို့နယ်ပြည်သူ့ဆေးရုံများ၌ အရေးပေါ်အောက်ဆီဂျင်လိုအပ်ပါက နန်းရိပ်ကရုဏာ အောက်ဆီဂျင် အခမဲ့ကူညီရေးအသင်းမှ လိုအပ်သောအောက်ဆီဂျင်များအား နေ့စဉ်အချိန်မီ ဖြည့်တင်းပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ နန်းရိပ်ကရုဏာ အောက်ဆီဂျင်အခမဲ့ ကူညီရေးအသင်းမှ (၄၀) လီတာဆန့် အောက်ဆီဂျင်အိုး (၄၀) လုံးဖြင့် နေ့စဉ်ထုတ်လုပ် လည်ပတ်လျက်ရှိကြောင်း၊ မြောက်ဦးမြို့နယ်အတွင်း အရေးပေါ်အောက်ဆီဂျင်လိုအပ် ချက်များ၊ အောက်ဆီဂျင် မလုံလောက်မှုများ၊  အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေးနှင့် မြို့ပြည်သူ့ဆေးရုံများ၌ တက်ရောက်ဆေးကုသနေကြသော အောက်ဆီဂျင်လိုအပ်သော လူနာများအတွက် အောက်ဆီဂျင် ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

 

ထို့ပြင်  မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များနှင့် အနီးအနားပတ်ဝန်းကျင်ရှိ မြို့နယ်များဖြစ်သော ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြို့နယ်များ မြို့နယ်ပြည်သူ့ ဆေးရုံများ၏ အရေးပေါ်အောက်ဆီဂျင် လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး နေ့ညမပြတ် ကူညီဖြည့်တင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း နန်းရိပ်ကရုဏာအောက်ဆီဂျင် အခမဲ့ကူညီရေးအသင်းဉက္ကဋ္ဌ ဦးမောင်းဝင်းရွှေထံမှ သိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)

 

 

 

 ၀၉၄၀၆၅၇၇၆၁၆