တွံတေး    သြဂုတ်   ၁၅

ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့ ရွှေဆံတော်ရပ်ကွက်၊ ရွှေဆံတော်ဘုရားလမ်းရှိ စိတ္တသုခလူမှုကူညီရေး အသင်းရုံးတွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ပြီးစီး၍ အောက်ဆီဂျင်များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ အောက်ဆီဂျင်စက်မှာ ကွန်တင်နာမိုဘိုင်းရွေ့ပြောင်းရလွယ်ကူသော စက်ပုံစံဖြစ်ပြီး စက်တန်ဖိုးမှာ ငွေကျပ် သိန်း (၉၀၀) ကျော်တန်ဖိုးရှိပြီး မီးစက်မှာ ငွေကျပ်သိန်း(၃၀၀)ခန့်၊ ထရမ်စဖော်မာမှာ ငွေကျပ် သိန်း(၂၀၀)ခန့် ကုန်ကျခဲ့ကြောင်း သိရသည်။

 

ယခုအခါ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ပထမဦးဆုံးသော အလှူရှင်များမှ လှူဒါန်းထားသည့် အများပြည်သူပိုင် အောက်ဆီဂျင်စက်ရုံ ဖွင့်လှစ်လည်ပတ်နိုင်ခဲ့သည့်အတွက် ရန်ကုန်တိုင်းဒေကြီးအစိုးရအဖွဲ့ရုံးမှ အများပြည်သူ အသုံးပြုနိုင်ရန် အောက်ဆီဂျင်  ၄၀ လီတာအိုး အလုံး( ၅၀)ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

(မြို့နယ် ပြန်/ ဆက်)