မြင်းမူ ဩဂုတ် ၁၅
မြင်းမူမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြင်းမူမြို့၊ အသောကရပ်ကွက်နေ အလှူရှင် ဒေါ်ခင်မမော်အားရည်စူး၍ ဦးမျိုးညွန့်(သမီး)မချစ်စု၊ မမိုးကြည်မိသားစုမှ ငွေကျပ် သိန်း(၁၅၀) လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အောက်စီဂျင်စက်ရုံအား ရွှေရတုတိပိဋကဓရဆရာတော် ဘဒ္ဒန္တဝံသာပါလာ လင်္ကာရနှင့် တိပိဋကဓရ မြင်းမူဆရာတော် ဘဒ္ဒန္တပညာသီရိလင်္ကာရဆရာတော်နှစ်ပါးမှ ဦးဆောင်ကာ အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များ၏ လှူဒါန်းမှုဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး စက်ရုံအဆောက်အဦ၊ စက်ပစ္စည်း တန်ဖိုးနှင့် အခြားပစ္စည်းများ ဝယ်ယူရန်အတွက် ငွေကျပ် သိန်း(၁၀၀၀)ကျော် လိုအပ်မည်ဖြစ်ရာ ယခုအခါ စက်ရုံအကြမ်းထည် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ရှိသူ ဦးမျိုးလွင်ထံမှ သိရသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံအား မြင်းမူမြို့နယ်၊ ထီးဆောင်းစံပြကျေးရွာ ရွှေရတုတိပိဋက စက္ခုပါလ မျက်စိဆေးရုံဝင်းအတွင်း တည်ဆောက်လျက်ရှိပြီး အဆောက်အဦမှာ အလျှား (၉၀)ပေနှင့် အနံ(၄၅)ပေရှိကာ စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ်နိုင်မှုစွမ်းအားမှာ (၁)ရက်လျှင် ၄၀ လီတာ(၄၀) အိုး အလုံး(၈၀) ထုတ်လုပ်နိုင် ကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ)


