မိုးညှင်း   ဩဂုတ်   ၁၅

 

ကချင်ပြည်နယ် မိုးညှင်းမြို့၌ မြေပြိုဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးအနေဖြင့် ဇာတ်တိုက်လေ့ကျင့်မှုများကို ယနေ့ နံနက် ၈ နာရီခန့်က မြို့ပတ်လမ်းအနီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ လေ့ကျင့်မှုများဆောင်ရွက်ရာတွင် မိုးညှင်းခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်စိုးသန့် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက မိုးညှင်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ဒေသခံပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်များကို အလျင်အမြန် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ပြီး မြေပြိုဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးအနေဖြင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်နေခြင်းဖြစ်သည်။

 

သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက မိုးညှင်းခရိုင်/မြို့နယ် မီးသတ်တပ်အနေဖြင့် ဒေသခံပြည်သူများအား ကူညီကယ်ဆယ်ရန်အသင့်ရှိပြီး အကူအညီလိုအပ်ပါက မိုးညှင်းမြို့နယ်အတွင်း ခရိုင်မီးသတ်ဦးစီးမှူးရုံး ၀၇၄-၂၅၆၀၈၃၇၊ မြို့နယ်မီးသတ်စခန်း ၀၇၄-၂၅၆၀၂၁၀ နှင့် အရေးပေါ်ဆက်သွယ်နိုင်ရန်အတွက် 191 စသည်တို့ကို အချိန်မရွေး ဆယ်သွယ် နိုင်ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)