မိုင်းယောင်း ဩဂုတ် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့၌ မိုးရာသီကာလတွင် ရေစီးရေလာကောင်းမွန် စေရန်၊ ရေမြောင်းများပိတ်ဆို့မှုကြောင့် ခြင်များပေါက်ပွားမှုမရှိစေရန် အမှိုက်များရှင်းလင်းခြင်းကို ယနေ့ နံနက်ပိုင်းက မြို့အထွက် ယမ်းမကျေးရွာအနီးရှိ မိုင်းယောင်း-မိုင်းယု ကားလမ်းဘေးမှ အမှိုက်သရိုက်များကို ရှင်းလင်းခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအားထူယာ၊ တာဝန်ခံ အင်ဂျင်နီယာ ဦးစိုင်းဟိန်းလွမ်းမိုးနှင့် ဝန်ထမ်းများက စက်ယန္တရားများဖြင့် ရေမြောင်းအတွင်း ပိတ်ဆို့နေသော အမှိုက်များအား ဖယ်ရှားရှင်းလင်းခြင်း၊ အမှိုက်သိမ်းယာဉ်ဖြင့် သတ်မှတ်အမှိုက်စွန့်ပစ်နေရာသို့ သယ်ယူ စွန့်ပစ်ခြင်း၊ မြေမြှုပ်ပစ်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
“စည်ပင်အမှိုက်သိမ်းယာဉ်နဲ့ မြို့တွင်းရှိအမှိုက်တွေကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အမှိုက်တွေကို စွန့်ပစ်ပါက သတ်မှတ်အမှိုက်စွန့်ပစ်နေရာသို့ စနစ်တကျ သွားရောက်စွန့်ပစ်ပေးစေချင်ပါတယ်။ မြို့အတွင်းရှိ အဓိကချောင်းများဖြစ်တဲ့ နမ့်မိန်ချောင်း၊ နမ့်ခပ်ချောင်းတွေ မိုးရာသီကာလမှာ ရေးစီးရေလာကောင်းမွန်ရေး အတွက် ချောင်းအတွင်း အမှိုက်စွန့်ပစ်ခြင်းတွေကိုလည်း သတိပြုရှောင်ရှားသင့်ပါတယ်” ဟု စည်ပင်သာယာ ရေးဌာန အမှုဆောင်အရာရှိက ပြောသည်။
စိုင်းအောင်ဇော်လင်း


