သုံးခွ ဩဂုတ် ၁၅

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ကြက်ခြေနီတပ်ဖွဲ့သို့ စေတနာရှင်အလှူရှင်များ စုပေါင်း၍  ဆေးဖျန်းအင်ဂျင်စက် အသစ်တစ်လုံးနှင့် ဆေးဖျန်းပိုက်(၂)စုံတို့အား  ယမန်နေ့ နံနက်ပိုင်းက လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် ကွယ်လွန်သူ ကိုဇော်ဝင်းအောင် (ညီငယ်)ကိုရည်စူး၍  အကိုဖြစ်သူ ကိုဝေယံမိုး (ပရဟိတအသင်း)ရန်ကုန်နှင့် စေတနာရှင်အလှူရှင်များက ဆေးဖျန်းစက်အသစ်တစ်လုံးနှင့် ဆေးဖျန်းပိုက် လှူဒါန်းရာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ခွဲမှူးဦးမျိုးနိုင်နှင့် ကြက်ခြေနီတပ်ဖွဲ့၀င်များမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

 

သုံးခွမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ကြက်ခြေနီတပ်ဖွဲ့၀င်များသည် မြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်မှုများအား စွမ်းစွမ်းတမံ ပူးပေါင်းပါ၀င်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီနှင့် ပူးပေါင်း၍ positive Centre များတွင် ကူညီ ဆောင်ရွက်ပေးခြင်း၊ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် အခြားပရဟိတအသင်းဖွဲ့များနှင့် ပူးပေါင်း၍ ကိုဗစ်-၁ ရောဂါ လျော့နည်းကျဆင်းစေရေးအတွက် အထောက်အကူဖြစ်စေရန် ဆေးဖျန်းခြင်း လုပ်ငန်းများအား စဉ်ဆက်မပျက် ဆောင်ရွက်ပေးလျက်ရှိသည်။

(မြို့နယ် ပြန်/ဆက်)