သီပေါ  ဩဂုတ် ၁၅

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်တွင် ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဆေးဝါးအတုများ၊ အရည်အသွေးမပြည့်မီသော စံမညီဆေးဝါးများ ရောင်းချခြင်းများရှိ/မရှိကို မြို့နယ် ဆေးဝါးနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များ အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများအား တိကျစွာလိုက်နာဆောင်ရွက်ရန်၊ ဈေးကွက်တွင် ဆေး၊ ဆေးပစ္စည်းနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမှန်ကန်စေရေး၊ ပြည်သူများလိုအပ်သည့် ဆေးဝါးများအလွယ်တကူ ဝယ်ယူရရှိစေရန် ဆေးဆိုင်များနေ့စဉ် ဖွင့်လှစ်ရောင်းချပေးရေး၊ ရောင်းချရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်ရောင်းချရေး စသည့်သတ်မှတ်စည်းကမ်းများအတိုင်း လိုက်ဆောင်ရွက်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ဆေးဆိုင်များသို့ စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ခင်လေး(သီပေါ ပြန်/ဆက်)