နောင်တရား   ဩဂုတ်လ ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ တိုက်နယ်ပြည်သူ့ဆေးရုံသို့ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသရေးတွင် အသုံးပြုနိုင်ရန်အတွက် ကုသရေးသုံးပစ္စည်းများကို အလှူရှင်များက ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းသည်။

နောင်တရားတိုက်နယ်ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသရေးလုပ်ငန်းတွင် အသုံးပြုနိုင်ရန် ကိုမြတ်ဇင်+မယုယုလွင် မိသားစုမှ Oxygen Concentrator 10L စက်တစ်လုံး၊ 40L Oxygen Cylinder နှစ်လုံး၊ Pulse Oxymeter တစ်ခုကို  လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

နောင်တရားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု များပြားလာသည့်အတွက် ပိုးတွေ့ လူနာများအား ကျန်းမာရေးစောင့်ရှောက်ပေးရေးနှင့် ကုသပေးရေးလုပ်ငန်းများတွင် ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်ရေး ပစ္စည်းကိရိယာများ လိုအပ်လျက်ရှိကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)