ပုဏ္ဏားကျွန်း ဩဂုတ် ၁၅

 ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉  ရောဂါ ပျောက်ကင်း၍ ဆေးရမှ ဆင်းခွင့်ရရှိသူ ၃၉ ဦးရှိလာကြောင်း  မြို့နယ်ကျန်းမာရေးဦးစီးဌာနက ယနေ့ပြောကြားသည်။

 ပုဏ္ဏားကျွန်းမြို့ ပြည်သူ့ဆေးရုံတွင် ၂၀၂၁ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ ဩဂုတ်လ ၁၅ ရက်နေ့အထိ၊ ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၅၆ ဦးရှိပြီး၊ ပြန်လည်ကျန်းမာလာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၃၉ ဦး၊ ဆေးဝါးကုသမှုခံယူနေသူ ၁၁ ဦး၊ သေဆုံးသူ ခြောက်ဦး ရှိနေကြောင်း မြို့နယ်ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနက ပြောကြားသည်။ ပုဏ္ဏားကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉  ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်း ကျဆင်းရေးအတွက် မိမိတို့နေအိမ်များတွင်သာ နေထိုင်ကြရန်၊  မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာပါက  ပါးစပ်နှင့်နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှ သွားလာကြရန်၊ မိမိပတ်ဝန်းကျင်တွင် ဖျားနာသူများရှိပါက နီးစပ်ရာကျန်းမာရေးဌာနများတွင် အမြန်ဆုံးသွားရောက်ပြသပြီး၊ ဆေးဝါးကုသမှု များခံယူကြရန် မြို့နယ်ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)