ဒီပဲယင်း ဩဂုတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ် လျာထားဧက ၁၄၂၀ ရှိပြီး ဩဂုတ်လ ဒုတိယပတ်အထိ ၅၉၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးအေးမင်းထွန်း ထံမှ သိရသည်။

ယခုနှစ် မိုးရာသီတွင် ဒီပဲယင်းမြို့နယ်အတွင်း ရွှေဘိုပေါ်ဆန်း ဧက ၁၁၇၀ နှင့် ဧရာမင်း ဧက ၂၅၀ စုစုပေါင်း ဧက ၁၄၂၀ Seed Grower Cooperativel (SGC) မှ ၄၂ ဧက၊ Seed Grower Association (SGA) မှ ၉၅၅ဧက  အကျိုးဆောင်တောင်သူ ဧက ၄၀၀ နှင့် အကျိုးတူလယ်ယာစနစ် ၂၃ ဧကကို ကျေးရွာပေါင်း ၄၁ ရွာ တောင်သူ ၂၄၆ ဦးတို့က မျိုးစေ့ ထုတ် စိုက်ပျိုးမည်ဖြစ်သည်။

မိုးစပါးမျိုးစေ့ထုတ်ကွက်များ ကိုဇူလိုင်လတတိယပတ်မှ စတင်စိုက်ပျိုးရာ ဩဂုတ် ၁၄ ရက်အထိ ဧရာမင်းစိုက်ဧက ၂၅၀ နှင့် ရွှေဘိုပေါ်ဆန်း ၃၄၅ ဧက စုစုပေါင်း ၅၉၅ဧက စိုက်ပျိုးပြီးစီး ကြောင်းသိရသည်။

ဒီပဲယင်းမြို့နယ်အတွင်း အရည်အသွေးနှင့် အထွက်နှုန်းကောင်းသော မျိုးကောင်း မျိုးသန့်များ လွယ်လင့်တကူ စိုက်ပျိုးထုတ်လုပ်နိုင်စေရန်ရည်ရွယ်၍ ဌာနပိုင်ခြံ စိုက်ကွင်း၊ ပုဂ္ဂလိက ကုမ္ပဏီများ နှင့်ချိတ်ဆက်၍ မျိုးကောင်း မျိုးသန့်များ ဖြန့်ဖြူးပေးခြင်း မျိုးစေ့ထုတ်နည်းပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)