ကနီ ဩဂုတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၆၅) နှစ် အထက်ရှိသူများ၊ဌာနဆိုင်ရာဝန်ထမ်းများ ၊ ဝန်ထမ်း မိသားစုများ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး ခြင်းကို ဩဂုတ် ၁၃ရက် နံနက်ပိုင်းက စတင်၍ ယနေ့ထိဆက်လက် ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
ကနီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဩဂုတ်လ(၁၃) ရက်နေ့မှစတင်၍လူဦးရေ(၁၀၀၀)ဦး ထိုးနှံပေးသွားမည်ဖြစ်ရာ ဩဂုတ်လ(၁၃)ရက်နေ့မှ ( ၁၄ )ရက် အထိ ကနီမြို့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံ ပေးပြီးသူဦးရေ (၆၅)နှစ်နှင့်အထက် အသက်ကြီးအဘိုး အဘွား များ၊ ကျန်းမာရေးဝန်ထမ်း များ၊ လူမှုရေး အသင်းအဖွဲ့များ၊ သံဃာတော်နှင့်သီလရှင် ဆရာတော်များ၊ နိုင်ငံ့ဝန်ထမ်းများ ၊ ဈေးသူဈေးသား များ ၊ စုစုပေါင်း (၁၄၂)ဦး အားကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်းနှင့်ကိုှဗစ် ၁၉ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော(၈၅၈)ဦးအား ဩဂုတ်၁၆ ရက်နေ့မှစ၍ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် (၈၅၈)ဦးအားဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ် ကြောင်းနှင့် သက်ဆိုင်ရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်တို့မှ လိုအပ်သည့်အကူ အညီများ ပံ့ပိုးကူညီ ပေးမည်ဖြစ်ပြီးကျန်းမာရေးဝန်ထမ်းများမှ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများအားး ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက် များနှင့်အညီ စနစ်တကျဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ခင်ဝင်းကြည်(ပြန်/ဆက်)


