mdn

ပုသိမ် သြဂုတ် ၁၆

 

ပုသိမ်ခရိုင် ပုသိမ်မြို့နယ်တွင် မြို့နယ်အဆင့် ဆေးဝါးနှင့်ဆေးပစ္စည်းများ စျေးကွက် စောင့်ကြပ် စစ်ဆေးကြပ်မတ်ရေးအဖွဲ့သည် မြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များမှ စျေးကွက်အတွင်း ဆေးဝါးစျေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိစေရေးနှင့် ဆေးနှင့်ဆေးပစ္စည်းများ လိုအပ်သည့် ပမာဏထက် ပိုမိုသိုလှောင်ထားခြင်း မရှိစေရေးအတွက် ဩဂုတ် ၁၂ ရက်မှ ၁၆ ရက်အထိ ဆေးဆိုင် ၃၆ ဆိုင်အား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

ပုသိမ်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်း ချုပ် ရေးကော်မတီအဖွဲ့တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်းနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး၊ကျန်းမာရေးဦးစီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပြန်ဆက်ဦးစီးဌာနတို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပါဝင်သည်။


ထိုသို့စစ်ဆေးစဉ် ဆေးဆိုင်များအနေဖြင့် အများပြည်သူအတွက် လိုအပ်သည့်ဆေးဝါးများ နေ့စဉ်ဖွင့်လှစ်ရောင်းချပေးရေး၊ စျေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရေးတို့ကိုတာဝန်ရှိသူများက မှာကြားခဲ့ကြကြောင်းသတင်းရရှိသည်။

 

ပုသိမ်ခရိုင်ပြန်ဆက်