ချောင်းဆုံ    ဩဂုတ် ၁၇

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်နတ်မှော်ကျေးရွာရှိ သံလွင်မြစ်အတွင်းတွင် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ဩဂုတ် ၁၇ ရက်နေ့ နံနက်(၈း၃၀)နာရီက ကျင်းပရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးလွင်၊ မြို့နယ်(ယာယီ)ရဲမှူးဇော်မင်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးနေမျိုးအေး နှင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ငါးမျိုးစိုက်ထည့်ရေးစီမံချက်အရ ချောင်းဆုံမြို့နယ်၌ ငါးသယံဇာတပေါများရေး၊ ရေရှည် စဉ်ဆက် မပျက်တိုးပွားစေရေးနှင့် ပြည်သူများ ငါးရိက္ခာပိုမို စားသုံးနိုင်ရန်အတွက် သံလွင်မြစ်အတွင်း ငါးမြစ်ချင်း အကောင်ရေ (၁၀၀၀၀)အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်းနှင့် ယခုငါးမျိုးစိုက်ထည့်ခြင်းမှာ ဒုတိယအကြိမ် ဖြစ်ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)