နေပြည်တော် ဩဂုတ် ၁၇

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက နေပြည်တော် ခုတင် (၁၀၀၀) သို့ အောက်စီဂျင်အိုး (လီတာ ၄၀ ဆံ့) အိုး ၁၀၀ နှင့် အလှူငွေကျပ် ၁၄ သိန်း ပေးအပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ  ၁  နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက အောက်ဆီဂျင်အိုးများနှင့် အလှူငွေများ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အဖွဲ့ဝင် ဦးအောင်စောဝင်းက New Starlight Construction Co., Ltd. မှ လှူဒါန်းသည့် အောက်စီဂျင်အိုးများနှင့်အလှူငွေများကို နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ငွေစံထံသို့ ပေးအပ်လှူဒါန်းသည်။ ယင်းနောက် ဆေးရုံအုပ်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်