နေပြည်တော် ဩဂုတ် ၁၇

ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ နှင့် သီလရှင်ကျောင်းများအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့် ပဲလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် နန်းဦး ပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်သံဃနာယက အဖွဲ့(ဥက္ကဋ္ဌ)၊ ညောင်ကုန်း ကျောင်းတိုက်၊ ပဓာနနာယကဆရာတော်ဘဒ္ဒန္တပဏ္ဍိတ အမှူးပြုသော ဆရာ တော်ကြီး ၃ ပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတန်းအတွင်းဝန် ဦးမြင့်ဦးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုခဲ့ကြသည်။

အခမ်းအနားတွင် ဒက္ခိဏသီရိမြို့နယ်သံဃနာယကအဖွဲ့ (ဥက္ကဋ္ဌ)၊ ညောင်ကုန်း ကျောင်းတိုက်၊ ပဓာနနာယကဆရာတော်ဘဒ္ဒန္တပဏ္ဍိတ ဆရာတော်ကြီးထံမှ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို အမှူးပြုသော ဌာနဆိုင်ရာအကြီး အကဲများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွား သရဇ္ဈာယ်တော်မူ သည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များ နာယူကြည်ညိုတော်မူ ကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်သံဃနာယကအဖွဲ့(ဥက္ကဋ္ဌ)၊ မစိုးရိမ်ပရိယတ္တိ စာသင် တိုက်၊ ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တအဂ္ဂဓမ္မ ဆရာ တော်ကြီးထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အနုမောဒနာတရား နာကြား ကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြသည်။


အဆိုပါ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ ဘုန်းတော် ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများကို ဆွမ်းဆန်တော်၊ ဆီနှင့်ပဲတို့ကို ဆက်ကပ်လှူ ဒါန်းခဲ့ရာ၌ ဇမ္ဗူသီရိမြို့နယ်မှ ဘုန်းတော်ကြီးကျောင်း ၂၆ ကျောင်းတွင် သီတင်း သုံးတော်မူ ကြသော ရဟန်း၊ သာမဏေ ၇၈၄ ပါးနှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်း ၉ ကျောင်း၊ သီလရှင်ကျောင်း ၁ ကျောင်းတို့တွင် သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ ၂၉၆ ပါး၊ သီလရှင် ၈၈ ပါး၊ စုစုပေါင်း ရဟန်း၊ သာမဏေ အပါး ၁၀၈၀ နှင့် သီလရှင် ၈၈ ပါးတို့အား ဆွမ်းဆန်တော် ၁၁၆ အိတ်၊ ဆီ ပိဿာ ၃၅၀ နှင့် ပဲ ၄၆ အိတ်တို့ကို လှူဒါန်း ခဲ့ကြောင်း သိရသည်။

သတင်းစဉ်