တွံတေး သြဂုတ် ၁၈

 

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် အသက် ၆၅ နှစ်အထက် ဘိုးဘွားများကို ဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ဩဂုတ် ၁၇ ရက် နံနက် နာရီက တွံတေးမြို့နယ်အတွင်းရှိ ပဒန်ရေကျော်ကျေးရွာအုပ်စုများအတွင်း အသိပေးနှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးခြင်းများအား အသံချဲ့စက်များဖြင့် လှည့်လည်ကြေညာပေးကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင်  ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကျေးရွာများအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေးအတွက် ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ မိဘပြည်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြစေရန်နှင့် အသက် ၆၅ နှစ်အထက် ဘိုးဘွားများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မပျက်မကွက်ထိုးနှံကြရန် အလှည့်ကျ ကျေးရွာအုပ်စုအလိုက် နေ့စဉ် ကျေးရွာများအတွင်း လှည့်လည်၍ အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း၊ ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက အ..က (ပဒန်ရေကျော်) စာသင်ကျောင်းတွင် ပဒန်ရေကျော်၊ ဘုရားငူ၊ မမျိုးစု၊ ခရမ်းဖျား ကျေးရွာများမှ အသက် ၆၅ နှစ်အထက် ဘိုးဘွား (၂၇)ဦး၊ သံဃာ ()ပါး၊ ဝန်ထမ်းမိသားစု ()ဦး၊ ယာဉ်မောင်း ()ဦး၊ စျေးရောင်းသူ (၁၇၄)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအမျိုးအစား (SINOPHARM) ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ ဆက်)