မောင်တော ဩဂုတ် ၁၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်အတည်ပြုလူနာများအား မြို့နယ် ပြည်သူ့ဆေးရုံနှင့် ယာယီသီးသန့်ကုသဆောင်တို့တွင် သီးသန့်ထားရှိ၍ ကြပ်မတ်ကုသပေးလျက်ရှိရာ ဩဂုတ် ၁၈ ရက်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ပိုးတွေ့ ရှိသူများအနက်မှ ၁ ဦးအား ထပ်မံ၍ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
မောင်တောပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာများအနက် ၁ ဦးမှာ ရောဂါပိုးကင်းစင်သဖြင့် ဩဂုတ် ၁၈ ရက်နေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းသူများအား တာဝန်ရှိသူများက ရောဂါပျောက်ကင်းကြောင်း လက်မှတ်များ ပေးအပ်ခဲ့သည်။ ထို့နောက်တွင် ဆေးရုံဆင်း လူနာများအား မိမိတို့နေအိမ်တွင် (၇) ရက် အသွားအလာကန့်သတ်ကာ သီးသန့်နေထိုင်ရမည် ဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့် လမ်းညွှန် ချက်များကို တိကျစွာလိုက်နာရန်လိုအပ်ကြောင်း မှာကြားခဲ့သည်။ ဆေးရုံဆင်းခွင့်ရရှိသူများသည် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသူများဖြစ်ပြီးကြောင် းသိရသည်။
ယခုအခါ မောင်တောမြို့၌ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်မှ ဩဂုတ် ၁၈ ရက် ညနေ ၆ နာရီ အချိန်ထိ ကိုဗစ် အတည်ပြု လူနာ စုစုပေါင်း (၄၇၁)ဦး ရှိရာ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာများအနက် (၄၃၉)ဦးမှာ ကျန်းမာရေး နှင့် အားကစား ၏ဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရက်ပြည့်မြောက်ပြီး ရောဂါလက္ခဏာ ထပ်မံပြသမှု မရှိသဖြင့် ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း၊ သေဆုံးသူ(၁၈)ဦးရှိကြောင်းနှင့် လက်ရှိ မောင်တောမြို့၌ ဆေးကုသမှုခံယူနေသူ (၁၄) ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)


