ဇီးကုန်း ဩဂုတ် ၁၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ထောက်ပံ့ပေးအပ်သော Oxygen Concentrators နှင့် ဆက်စပ်ပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ ဩဂုတ် ၁၈ ရက်က လွှဲပြောင်းပေးအပ်ခဲ့သည်။
မြို့နယ်ပြည်သူ့ဆေးရုံတွင် တက်ရောက်၍ ဆေးကုသမှုခံယူနေသောလူနာများမှ အောက်စီဂျင် လိုအပ်သောလူနာများ အသုံးပြုရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော Oxygen Concentrators (၂)လုံး၊ Oxygen Cylinder(၂)လုံးနှင့် Oxygen Flow meter(၂)ခုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးအာကာဖြိုး၊ မြို့နယ်ခေတ္တအုပ်ချုပ်ရေးမှူး ဦးသက်မိုးနှင့် အဖွဲ့ဝင်များက လွှဲပြောင်းပေးအပ်ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ဦးက လက်ခံရယူခဲ့သည်။
ဇီးကုန်းမြို့နယ်ပြည်သူ့ဆေးရုံ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယခင်ပေးအပ်ခဲ့သော Oxygen Concentrators (၅)လုံးနှင့် ယခုပေးအပ်သော Oxygen Concentrators(၂)လုံး စုစုပေါင်း(၇)လုံး ရှိကြောင်းနှင့် အောက်စီဂျင်လုံလောက်စွာရရှိရေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့မှ စီမံဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)


