ကျောက်ဆည် ဩဂုတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက် မြို့တော်ခန်းမတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် ဇူလိုင်(၃၁)ရက်မှစတင်ပြီး  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ဩဂုတ်(၁၉)ရက်နေ့အထိ (၈၇၂၆)ဦး ကာကွယ်ဆေးများ ထိုးပေးပြီးဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ရဲဝင်းနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်ပူးပေါင်း၍ အဖွဲ့(၃)ဖွဲ့ခွဲကာ ဆောင်ရွက်လျက်ရှိပြီး အသက်(၆၅)နှစ်အထက်(၂၃၃၈)ဦး၊ သံဃာတော်၊ သီလရှင်(၇၁၁)ပါး၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်း(၁၈၃)ဦး၊ လူမှုရေးအသင်းအဖွဲ့ဝင်နှင့်မိသားစု(၃၁၂)ဦး၊ အဘိုးအဘွား(၇)ဦး၊ နိုင်ငံ့ဝန်ထမ်းနှင့်မိသားစုဝင်(၁၄၈၉)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၉၆)ဦး၊ ပုဂ္ဂလိကစက်ရုံ၊အလုပ်ရုံဝန်ထမ်း (၆၁၆)ဦး၊ ဟိုတယ်၊ မိုတယ်၊ တည်ခိုခန်းလုပ်ကိုင်သူ(၁၈၃)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ကိုင်သူ(၈၇၃)ဦး၊ Super Market၊ ဈေး လုပ်ကိုင်သူ(၁၉၁၈)ဦး၊ စုစုပေါင်း(၈၇၂၆)ဦးအား ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ဩဂုတ် ၁၉ ရက် နံနက်(၉)နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ အမျိုးသား (၃၄၃)ဦး၊ အမျိုးသမီး(၂၆၁)ဦး၊ စုစုပေါင်း(၆၀၄)ဦး၊ ကျန်းမာရေးပြန်လည်ကောင်းမွန်သူ အမျိုးသား(၂၈၇)ဦး၊ အမျိုးသမီး(၁၉၇)ဦး၊ သေဆုံးသူ အမျိုးသား(၄၅)ဦး၊ အမျိုးသမီး(၄၃)ဦး၊ စုစုပေါင်း(၈၈)ဦးနှင့် ဆေးဝါးကုသခံယူနေသူ အမျိုးသား(၁၁)ဦး၊ အမျိုးသမီး(၂၁)ဦး၊ စုစုပေါင်း(၃၂)ဦး ရှိကြောင်း ကျောက်ဆည်မြို့ အထွေထွေ ရောဂါကု ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

သက်မောင်(ကျောက်ဆည်)