ပေါင်းတည်  သြဂုတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ် ဦးစီးမှူးရုံး၌ ဇာတ်တိုက် လေ့ကျင့်ခြင်းကို ဩဂုတ် ၁၉ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်မှုတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များသည် သဘာဝ ဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်များဖြစ်ပေါ်လာပါက မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်များကို လျင်မြန် ထိရောက်စွာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေ ကယ်ဆယ် ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်မှုကို ဆောင်ရွက်ခြင်းဖြစ်သည်။

သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ဒေသခံပြည်သူများအား ကူညီကယ်ဆယ်ရန် မြို့နယ်မီးသတ်ဦးစီးမှူး ရုံးသို့ အချိန်မရွေးဆက်သွယ် ဆောင်ရွက်နိုင်ရန်အတွက် ဖုန်းနံပါတ်များလည်း ကြေညာထားကြောင်း သိရသည်။        
                                     
ချစ်နှင်းသုန်