ရန်ကုန် ဩဂုတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီက အင်းစိန်မြို့နယ်၊ ဖန်ချက်စက်လမ်းရှိ စံပြချမ်းမြေ့စည်ပင်အိမ်ရာဝင်း၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန၏ ကြီးကြပ်မှုဖြင့် မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာန လိုင်စင်စီများမှ အသား မျိုးစုံနှင့် ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနမှ ငါး/ပုဇွန်အမျိုးမျိုး တို့ကို ရွေ့လျားဈေးကား(Mobile Market) စနစ်ဖြင့် ရောင်းချနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

ထို့နောက် မြိုတော်ဝန်နှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်း စင်တာ(MCC)ကိုဗစ်ကုသရေးစင်တာတွင် မြန်မာသီဟ ကုမ္ပဏီမှ လှူဒါန်းထားသည့် တန်(၂၀) Liquid Oxygen Tank ကို အင်ဂျင်နီယာ ဌာန(အဆောက်အအုံ)မှ တပ်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့် အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်၊ ရေနံ့သာလမ်းရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ရေနံ့သာမော်တော်ယာဉ်ဝင်းသို့ သွားရောက်ပြီး တစ်ရက်လျှင် ၄၀ လီတာအောက်ဆီဂျင်အိုး အလုံး (၈၀)ဖြည့်ပေးနိုင်သည့် အောက်ဆီဂျင်စက် တပ်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက် ပေးလျှက်ရှိကြောင်း သိရသည်။ 

သတင်းစဉ်