မုဒုံ သြဂုတ် ၂၀

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကျောက်တလုံးကျေးရွာနေ အေးမြင့်ကျော် (ပဲမျိုးစုံမိသားစု) လုပ်ငန်းမှ ဆန်နှင့် စားသောက်ကုန်များကို သြဂုတ် ၁၉ ရက် နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။

လှူဒါန်းရာတွင် သြဂုတ် ၁၅ ရက်မှ ၁၈ ရက်အထိ လေးရက်ကြာ စာရင်းပေးသွင်းပြီး အိမ်ထောင်စု တစ်စုလျှင် ဆန်တစ်အိတ်၊ ကြက်ဥ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူး၊ ငါးပိကြော်၊ ငါးပိထောင်း၊ ဆား၊ ပဲနှစ်ပြန်ကြော်နှင့် လက်ဖက်ခြောက် စသည့် အခြေခံစားသောက်ကုန် ၁၀ မျိုးကို မြို့နယ် အတွင်းရှိ အခြေခံအိမ်ထောင်စု ၇၀၀ ကျော်ကို   ကိုဗစ်-၁၉ ရောဂါ  စည်းကမ်းချက်များနှင့်အညီ ထောက်ပံ့လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)