မိုင်းကိုင် သြဂုတ် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ တုံလောကျေးရွာအုပ်စု၊ နမ့်ကတ်ကျေးရွာနှင့် ဟိုခဲကျေးရွာအုပ်စု၊ လုံစံကျေးရွာ နှစ်ရွာတို့တွင် နွေရာသီကာလ စိမ့်စမ်းရေ ထွက်များ ရေပြတ်လပ်မှုမရှိစေရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ ရာသီဥတု အပူဒဏ် ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ကျော်စိမ်းနှင့် ဝန်ထမ်းများက ကျေးရွာသူ ကျေးရွာသားများနှင့်ပူးပေါင်းကာ ဩဂုတ် ၂၀ ရက် နံနက်ပိုင်းက အရိပ်ရ နှစ်ရှည်သစ်ပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
စုပေါင်းစိုက်ပျိုးရာတွင် စိန်ပန်းနီ၊ စိန်ပန်းပြာ၊ မယ်ဇလီ၊ ရေသင်းဝင်၊ မျောက်ငို အစရှိသည့် အရိပ်ရ နှစ်ရှည်သစ်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။
ငြိမ်းသူ


