ရန်ကုန် ဩဂုတ် ၂၀
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများ စားဝတ်နေရေး အဆင်ပြေ ချောမွေ့စေရန်နှင့် အဓိက စားသောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ဆန်၊ ဆီနှင့် ကြက်ဥများအား ရွေ့လျားမော်တော်ယာဉ်ဖြင့် ဩဂုတ် ၂၀ ရက် နံနက်ပိုင်းက ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (၁)ရပ်ကွက်နှင့် (၂)ရပ်ကွက် တို့တွင် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
ရောင်းချပေးရာတွင် ပေါ်ဆန်းမွှေး တစ်ပြည် ငွေကျပ် ၁၇၀၀၊ ဧည့်မထ တစ်ပြည် ငွေကျပ် ၁၀၀၀၊ ကြက်ဥ ၁၀ လုံး ငွေကျပ် ၁၃၀၀၊ ဆီ ၅၀ ကျပ်သား တစ်ဘူး ငွေကျပ် ၁၈၅၀ စျေးနှုန်းတို့ဖြင့် စျေးနှုန်းသက်သာစွာ လိုက်လံရောင်းချပေးခဲ့ကြောင်း သိရသည်။
မြမြဝင်း


