အောင်လံ ဩဂုတ် ၂၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်တွင်  ဩဂုတ် ၂၀ ရက် နံနက်ပိုင်းက အောင်လံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးတွင်  အောင်လံမြို့နယ်အတွင်းရှိ နိုင်ငံသား အရည်အချင်း ပြည်မီသူ အသက် ၁၀ နှစ်နှင့် အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားများ၏ လက်ဝယ်သို့ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေး နိုင်ရေးအတွက် မြို့နယ်အဆင့် လူမှုအထောက်အကူပြုအဖွဲ့နှင့် ကျေးရွာအဆင့် လူမှုအ‌ထောက်အကူပြုအဖွဲ့များ အတည်ပြုဖွဲ့စည်းနိုင်ရေး အစည်းအဝေးအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးအရာရှိ ဦးစိုးနိုင်က “ပန်းခင်းစီမံချက်ပါ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ ‘ပန်းခင်းစီမံချက်’ မြို့နယ်အဆင့် လူမှု အထောက်အကူပြုအဖွဲ့၊ ‘ပန်းခင်းစီမံချက်’ ကျေးရွာအဆင့် လူမှုအထောက်အကူပြုအဖွဲ့များတွင် ပါဝင်သည့် ရပ်မိ/ရပ်ဖနှင့် လူမှုကူညီရေးအသင်းများအား အတည်ပြုတာဝန်ပေးအပ်ခြင်း၊ ပရဟိတအဖွဲ့များမှလည်း ပန်ခင်းစီမံချက်အောင်မြင်ရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်ပေးရန်၊ စီမံချက်အောင်မြင်စေရေး အတွက် အခက်အခဲများကို နည်းလမ်းရှာပြီး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြရန်” ပြောကြားခဲ့ပြီး အစည်းအဝေး တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)