ပခုက္ကူ ဩဂုတ် ၂၀
မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ဩဂုတ် ၂၀ ရက် နံနက်ပိုင်းက ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းရှိ 3 Seasons Furniture ထန်း နှင့် သစ်အချော ထည်စက်ရုံသို့ သွားရောက်ကြည့်ရှု အားပေးသည်။
မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးအား စက်ရုံပိုင်ရှင် ဦးကျော်နိုင်သန်းက ထန်းသားနှင့် ပရိဘောဂပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ တီထွင်ဖန်တီး လုပ်ဆောင်နေမှုနှင့် သစ်အချောထည်ပစ္စည်းများ ထုတ်လုပ်နေမှု၊ ပြည်တွင်းနှင့်ပြည်ပဈေးကွက် တင်ပို့နိုင်မှုနှင့် ဈေးကွက်အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ဝန်ကြီးက လိုအပ်ချက်များ ကူညီပံ့ပိုးပေးနိုင်မည့်အခြေအနေနှင့် ဆက်လက်ကြိုးစား ဆောင်ရွက်ပေးရန် အကြံပြုဆွေးနွေးသည်။
ထို့နောက် စီးပွားရေးရာဝန်ကြီးသည် ပခုက္ကူမြို့၊ စည်ပင်ဧည့်ရိပ်သာခန်းမ၌ ပခုက္ကူမြို့နယ်နှင့် ရေစကြို မြို့နယ်အတွင်းရှိ ကုန်သည်ပွဲစားများအသင်း၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဒေသထွက်ကုန် ပစ္စည်းများ၏ ဈေးကွက်အခြေအနေနှင့် လက်ရှိဆောင်ရွက်နေမှုတို့ကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးကြကြောင်း သိရသည်။
ဇော်(အဝေးသင်)


