ခရမ်း သြဂုတ် ၂၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဩဂုတ် ၂၀ ရက်က မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ စုဖွဲ့လေ့ကျင့် ဆောင်ရွက်ကြသည်။
ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာ၌ ခရမ်းမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမြတ်စိုးမိုး၊ မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ ဒုတပ်ရင်းမှူး ဦးစိန်ဝင်းနှင့် တပ်ဖွဲဝင်များ၊ မြို့နယ် သန္ဒေတပ်ဖွဲ့ဝင်များက မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်များကို လျင်မြန်ထိရောက်စွာ အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်မှုကို ဆောင်ရွက်ခြင်း ဖြစ် ကြောင်း သိရှိရသည်။
ကိုမင်း(ခရမ်း)


