ဗန်းမော် ဩဂုတ် ၂၀

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်နှင့် မြေနိမ့်ပိုင်းရှိ နေအိမ်များသို့ ရေဝင်ရောက်လျက်ရှိရာ ရေဘေးလွတ်သည့် ကယ်ဆယ်ရေးစခန်းသို့ ဩဂုတ် ၁၉ ရက် ညနေပိုင်းမှ စတင်၍ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီက စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ဗန်းမော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းတွင် ပေါက်ကုန်းရပ်ကွက်မှ အိမ်ထောင်စု ၂၁ စု၊ လူဦးရေ ၈၈ ဦး၊ သီရိရပ်ကွက်မှ အိမ်ထောင်စု ၁၃ စု၊ လူဦးရေ ၅၂ ဦး၊ ခွန်သာရပ်ကွက်မှ အိမ်ထောင်စု ၁၃ စု၊ လူဦးရေ ၅၂ ဦး၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းတွင် မင်းကျောင်းကုန်းရပ်ကွက်မှ အိမ်ထောင်စု ခြောက်စု၊ လူဦးရေ ၂၉ ဦး တို့အား ပြောင်းရွေ့နေရာချထား ပေးခဲ့ကြောင်း သိရသည်။

ဩဂုတ် ၂၀ ရက် နံနက်ပိုင်းတွင်လည်း မြစ်ရေဝင်ရောက်သည့် နေအိမ်များသို့ မြို့နယ်သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုကော်မတီက ရေဘေးကယ်ဆယ်ရေး စခန်းအသီးသီးသို့ ပြောင်းရွေ့နေရာချထားခြင်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)