မင်းပြား ဩဂုတ် ၂၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် သန့်ရှင်းသာယာလှပရေးအတွက် မင်းပြားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့် မင်းပြားမြို့နယ် လျှပ်စစ်အင်ဂျင်နီယာအဖွဲ့တို့ ပူးပေါင်းပြီး ဩဂုတ် ၁၉ ရက်က လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန်အတွက် မီးလုံးများ အသစ်လဲလှယ် တပ်ဆင်ခဲ့ကြောင်းသိရသည်။

ထိုသို့ မီးလုံးများအသစ်တပ်ဆင်ရာတွင် မင်းပြားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ (လက်ထောက်ညွန်ကြားရေးမှူး) ဦးသန်းမြင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းကျော်နှင့် ဝန်ထမ်းများက မင်းပြားမြို့ သန့်ရှင်းသာယာလှပရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန်အတွက် မိုးရာသီဖြစ်သဖြင့် မင်းပြား၊ မြေပုံ၊ ပေါက်တောမြို့နယ်များ၏ အဓိက အချက်အချာ ကျသည့် စွန်ရဲလမ်းတစ်လျှောက် မီးလုံးများကို အသစ်လဲလှယ်ခဲ့ကြောင်း သိရသည်။

သိန်းနုအောင်