နေပြည်တော်၊ ဩဂုတ် ၂၀

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၉ ရက် နံနက် ၈ နာရီခွဲတွင် မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်တွင် ကျော်ကျော်ဖုန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၅ ကီလို ကိုလည်းကောင်း ၊ ထို့နေ့ ည ၇ နာရီခွဲတွင် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်တွင် ကိုကိုလွင် မောင်းနှင်ပြီး နေထက်လင်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂,၅၃၀ ကိုလည်းကောင်း။

 

အလားတူ ဩဂုတ် ၁၉ ရက် ညနေ ၅ နာရီခွဲတွင် မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်တွင် စောကျော်ထူး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၂၉၆ ပြား သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်ရှိ ၎င်း၏နေအိမ်သို့သွားရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၉၆၀ ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)