မိုးနဲ ဩဂုတ် ၂၁
နမ့်စန် - မိုးနဲ - မိုင်းတုံ - မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် မြို့နယ်လမ်းဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု အထူးပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေကျပ် ၄၆ ဒသမ ၃၈၀ သန်းဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုးနဲလမ်းပိုင်း ၄၇ ဒသမ ၅ ကီလိုမီတာမှ ၄၇ ဒသမ ၆ ကီလိုမီတာအတွင်း မီတာ ၁၀၀ ကျောက်စီရေမြောင်း တူးဖော်ဆောင်ရွက်ခြင်းအတွက် ခွင့်ပြုရန်ပုံငွေကျပ် ၁၈ ဒသမ ၈၅၀ သန်းနှင့် ၄၇ ဒသမ ၆ ကီလိုမီတာမှ ၄၇ ဒသမ ၈ ကီလိုမီတာအတွင်း မီတာ ၁၅၀ ကျောက်စီရေမြောင်း တူးဖော်ဆောင်ရွက်ခြင်းအတွက် ခွင့်ပြုရန်ပုံငွေကျပ် ၂၇ ဒသမ ၅၃၀ သန်း စုစုပေါင်း ခွင့်ပြုရန်ပုံငွေကျပ် ၄၆ ဒသမ ၃၈၀ သန်းဖြင့် အကျယ် နှစ်ပေခွဲ၊ အနက် နှစ်ပေခွဲနှင့် ရေမြောင်းအရှည် စုစုပေါင်း ၂၅၀ မီတာကို လမ်းဦးစီးဌာနမှ တာဝန်ယူကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လမ်းဦးစီးဌာနမှူး ဦးမိုးလွင်၏ ပြောကြားချက်အရ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)


