ရန်ကုန် ဩဂုတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ စီစဉ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း စားရေး အခက်အခဲမရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်မှုနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့က ရွေ့လျားဈေးကားဖြင့် ဩဂုတ် ၂၁ ရက် နံနက် ၈ နာရီမှစတင်ကာ အလုံမြို့နယ်၊ စကားစိမ်းလမ်း၊ ကွင်းကျောင်းလမ်းနှင့် မြန်မာစီးပွားရေးဘဏ်၊ ကြည့်မြင်တိုင်ဘဏ်ရှေ့တွင် အဓိက စားကုန်များဖြစ်သော ဆန်၊ ဆီနှင့် အသား၊ ငါး၊ ဥအမျိုးမျိုးတို့ကို ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းထားများဖြင့် ရောင်းချပေးလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များမှ ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုတင်မောင်ဦး (အလုံ)


