အောင်လံ ဩဂုတ် ၂၁
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် အခြားသော ဘေးအန္တရာယ်များ ကင်းရှင်းစေရေးအတွက် ဩဂုတ် ၂၀ ရက် ညနေ ၆ နာရီက မြို့ပေါ်ရပ်ကွက်များ၌ မော်တော်ယာဉ်များဖြင့် လှည့်လည်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်တော်မူခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်သံဃာ့နာယကအဖွဲ့ အတွင်းရေးမှူး ဆရာတော် သီတဂူအရှင် ဦးဇောတိက (မဟာသဒ္ဓမ္မ ဇောတိကဇေ) ဆရာတော် ဦးဆောင်သော သံဃာတော် အပါး ၂၀ တို့မှ မြို့ပေါ်ရပ်ကွက်တို့၌ မော်တော်ယာဉ် ၁၆ စီးဖြင့် လှည့်လည်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များအား ရွတ်ဖတ်တော်မူခဲ့ပြီး ပရိတ်ရေများကို လမ်းအသီးသီးသို့ ပက်ဖျန်းပေးတော်မူခဲ့ကြောင်း သိရသည်။
ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းကို မြို့ပေါ်ရပ်ကွက်များ၌ ဩဂုတ် ၂၀ ရက်မှ ၂၃ ရက်အထိ ရွတ်ဖတ်သွားမည်ဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်သံဃာ့နာယကအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)


