ချောင်းဦး သြဂုတ် ၂၁

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမှုရေးရာဝန်ကြီး ဦးအေးလိူင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် သြဂုတ် ၂၁ ရက်၊ နံနက်ပိုင်းတွင် ချောင်းဦးမြို့၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ အသက် (၆၅) နှစ်အထက် အဘိုးအဘွားများ၊ ပြည်သူများနှင့် လူမူရေးအသင်း အဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးနေမှုအား ကြည့်ရှု့စစ်ဆေးပြီး ကာကွယ်ဆေးထိုးနှံနေကြသည့် ပြည်သူများအား  ရင်းရင်းနှီးနှီးနုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ချောင်းဦးမြို့၊ အနော်ရထာခန်းမတွင် ကျင်းပသော မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ မိမိတို့ဌာနများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်နေမှုများ၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု၊ ကာကွယ်ဆေး ထိုးနှံပေးနေမှု လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများမှ ရှင်းလင်းတင်ပြကြသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးကြသည်။

 

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားသည်။

 

ထို့နောက်  စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ချောင်းဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ငွေကျပ် (၁၀) သိန်း၊ Oxygen Concentrator () လုံး၊ Oxygen (၄၀) လီတာဆံ့ (၁၀) အိုးနှင့် ဆက်စပ်ပစ္စည်းများကို ချောင်းဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော်ထံသို့ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက PPE ဝတ်စုံ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် ငွေကျပ် (၅) သိန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဗိုလ်မှူး အောင်ကိုမင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းအောင်တို့ထံသို့ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက မြို့နယ်ကျန်းမာရေး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများကို မြို့နယ်ကျန်းမာရေးဦးစီးဌာန ဆေးမှူးအရာရှိထံသို့ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအေးလှိုင်က PPE ဝတ်စုံများကို မြို့နယ်ကျန်းမာရေးဦးစီးဌာန ဆေးမှူးအရာရှိထံသို့လည်းကောင်း အသီးသီး ပေးအပ်ခဲ့သည်။

 

mdn

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချောင်းဦးမြို့နယ် ကိုဗစ်ကော်မတီအဖွဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ငွေကျပ် (၁၀) သိန်း၊ လုံခြုံရေးအဖွဲ့ဝင်များအတွက် ငွေကျပ် () သိန်း၊ မြို့နယ်ကျန်းမာရေးနှင့် Volunteer များသို့ စားသောက်ဖွယ်မျိုးစုံ သိန်းဖိုး၊ Oxygen Concentrator () လုံး၊ Oxygen (၄၀) လီတာဆံ့ (၁၀) လုံး၊ PPE-1 အစုံ (၂၀၀)၊ PPE-3 အစုံ (၂၀)၊ မျက်မှန် အခု ၇၀ လက်အိတ် ဘူး၊ ခြေအိတ် ၁၀ စုံ၊ ဦးထုပ် ဘူး၊ 95-Mask အခု ၂၀၊ ရိုးရိုး Mask အခု ၅၀၀၀ ၊ Hand Gel ဘူး ၂၀ နှင့် Face Shield ၅၅ ခု ပေးအပ်ခဲ့သည်။

 

mdn

 

ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချောင်းဦးမြို့နယ်၊ နွယ်ခွေကျေးရွာတွင် စိုက်ပျိုးထားသော အောင်မြင်ဖြစ်ထွန်းနေသည့် ပိုးချည်မျှင်ရှည်ဝါ စံပြစိုက်ခင်းသို့လည်းကောင်း၊ ငါးယှန်ကျေးရွာတွင်  မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တောင်သူများအား သဘာဝပိုးသတ်ဆေး၊ သဘာဝမြေဆွေး ပြုလုပ်ပုံ သရုပ်ပြသနေမှုကိုလည်းကောင်း အားပေးကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

 

မြို့နယ် (ပြန်/ဆက်)