နေပြည်တော်၊ သြဂုတ် ၂၁
နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၇ ကျောင်းသို့ ဆွမ်းဆန်တော် ၁၀၁ အိတ်၊ ဆီ ပိဿာ ၁၀၀ ၊ ဆား ပိဿာ၂၁၀ ၊ ကုလားပဲ ၂၄၅ ပိဿာနှင့် အခြားလှူဖွယ်ပစ္စည်းတို့ကို သွားရောက် ဆက်ကပ်လှူဒါန်းသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် လတ်တလော ဖြစ်ပွားလျက်ရှိသည့် ကိုဗစ် - ၁၉ ရောဂါကြောင့် ပြည်နယ်/တိုင်းဒေသကြီးအသီးသီးရှိ ဝါဆိုသံဃာတော်များ နှင့် သီလရှင်များ ဆွမ်းအခက်အခဲ မရှိစေရေးအတွက် စာသင်တိုက်များနှင့် ပရဟိတ ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းလျက်ရှိသည့်အပြင် ဒေသအသီးသီးရှိ ကိုဗစ် - ၁၉ စင်တာများသို့လည်း အာဟာရဖြည့် စားသောက်ဖွယ်ရာ များနှင့် ကိုဗစ်အကာအကွယ်ပစ္စည်းများ ထောက်ပံ့ကူညီပေးလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


