ရန်ကုန်၊ သြဂုတ် ၂၁

ကိုဗစ်-၁၉ ကပ်ရောဂါကာလ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝါဆိုဝါကပ်တော်မူကြသော ရဟန်း၊ သံဃာတော်များ ဆွမ်းဆန်တော်အဆင်ပြေစေရန်အတွက် သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်းသည် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နှင့် ဒလမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကာ ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများကို ဆက်ကပ်လှူဒါန်းသည်။

ထိုသို့လှူဒါန်းရာတွင် လှိုင်သာယာမြို့နယ် အောင်ဇေယျာမင်းကျောင်း၌ ဝါဆိုဝါကပ်တော်မူသော သံဃာအပါး ၁၆၀ အတွက် ဆန် ၂၈ အိတ်၊ ဆီ ပိဿာ ၇၀ ပဲ အိတ်နှင့် ဒလမြို့နယ်၊ ကမာကဆစ်အလယ်ကျောင်း၌ ဝါဆိုဝါကပ်တော်မူသော သံဃာ အပါး ၁၄၀ အတွက်  ဆန် ၂၆ အိတ်၊ ဆီ ပိဿာ၇၀ နှင့် ပဲ အိတ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၁၅)ကျောင်းတို့ကိုလည်း ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)