မိတ္ထီလာ သြဂုတ် ၂၂

  

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် စျေးအရှေ့ပြင်ရပ်ကွက် ပွင့်သစ်စမှ ဘူတာအဆင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၉ ဒသမ ၆၉၂ သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် ခိုင်ခန့်ဖြူစင်ကုမ္ပဏီက တာဝန်ယူ၍ အရှည် ပေ ၃၇၀ အကျယ် ၁၆ ပေ ထု ၆ လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို သြဂုတ် ၂၁ ရက်နေ့ နံနက်က စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

 

၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် မိတ္ထီလာမြို့ပေါ်ရပ်ကွက်များအတွင်းရှိ အဆင့်မြှင့်တင်ရန်လိုအပ်လျက်ရှိသော လမ်းများအားအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ကတ္တရာခင်းခြင်းလုပ်ငန်း၊ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို တင်ဒါအောင်မြင် သည့် ခိုင်ခန့်ဖြူစင်ကုမ္ပဏီက တာဝန်ယူပြီး မတ်လ ၂၀ရက်နေ့မှ စတင်၍ ကွန်ကရစ်လမ်းအဖြစ် (၇)လမ်း၊ ကတ္တရာခင်းလမ်းအဖြစ် (၃)လမ်းနှင့် ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအဖြစ် လမ်း(၇)လမ်းတို့ကို ဆောင်ရွက် လျက်ရှိကြောင်း မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)